Government Projects

Yangon Pauk Project

ရန်ကုန်ပေါက် (ဒလ) ရေသန့်စင်မှုစနစ်အား ရှင်းလင်းဖော်ပြခြင်း
(Ultra Filtration and Nano Filtration System)

၁။ ရန်ကုန်ပေါက်ရေပေးဝေရေးစက်ရုံ၏ ရေသန့်စင်မှုစနစ်မှာ Tube
Well များမှရေကို Submersible Pump တို့ဖြင့် Raw Water Storage Tank တွင်သိုလှောင် ထားရှိပါသည်။

၂။ Raw Water Storage Tank မှရေကို Feed Pump ဖြင့် Sand Filter Vessel အားဖြတ်သန်းစေခြင်း၊ ထိုမှတဆင့် 5 Micron Cartridge Filter တို့ကိုဖြတ်သန်းစေခြင်းဖြင့် ရေတွင်ပါဝင်နေသော အနည်အမှုန်များကိုဖယ်ရှားပေးပါသည်။

၃။ 5 Micron Cartridge Filter ဖြင့်ဖြတ်သန်းပြီးသောရေအား (0.01 Micron) အဆင့်ထိဖယ်ရှားသန့်စင်ပေးနိုင်သည့် Ultra Filter
အားဖြတ်သန်းစေခြင်းဖြင့်ရေတွင် ပါဝင်နေသောပိုးမွှားများ (Bacterial Virus) တို့ကို ဖယ်ရှားသန့်စင်ပေးပြီး Intermediate Tank တွင် သိုလှောင်ထားရှိပါသည်။

၄။ Intermediate Tank တွင်သိုလှောင်ထားသောရေအား Feed
Pump ဖြင့် 5 Miorm Cartridge Filter အားထပ်မံဖြတ်စေပြီး Nano Feed Pump ဖြင့် (0.001 Micron) 32008
သန့်စင်ပေးနိုင်သည့် Nano Filtration Unit အားဖြတ်သန်းစေ ခြင်းဖြင့် ရေတွင်ပျော်ဝင်နေသောဓါတ်များနှင့် သတ္တုဓါတ်အမျိုးမျိုးတို့ကိုဖယ်ရှားပြီးနောက် W.H.O Drinking Water Standard အဆင့်ရှိသောသောက်သုံးရေကို Clear Water Storage Tank တွင်သိုလှောင် ထားရှိပါသည်။

၅။ သောက်သုံးရေသန့်ထွက်ရှိမှုပမာဏအနေဖြင့် တစ်နေ့လျှင် (၁,ဝဝဝ,ဝဝဝ) ဂါလံ သို့မဟုတ် (၃,၇၈၄,ဝဝဝ)လီတာ (US Gal Standard)
ထွက်ရှိပါသည်။

Hlaing Hlawgar Project 

လှိုင်မြစ် လှော်ကားရေအားဖြည့်စီမံကိန်း

၁။ လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်းကိုအောက်ဖော်ပြပါ
ဌာန ၃ ခု မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
( ခ) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
( ဂ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်း

၂။ ရန်ကုန်မြို့နေပြည်သူများသို့ အဓိကသောက်သုံးရေပေးဝေလျှက်
ရှိသည့် လှော်ကား ရေလှောင်ကန်သို့လှိုင်မြစ်မှ တစ်နေ့လျှင်ရေဂါလန်
သန်း (၆၀) အားဖြည့်ပေးနိုင်မည် ဖြစ်ပါသည်။

၃။ ၁၁-၅-၂၀၂၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရေတွန်းစက်ရုံ
ပန္နက်တင်မင်္ဂလာ အခမ်းအနားပြုလုပ်၍ စီမံကိန်း စတင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ် မတ်လကုန်တွင် လှော်ကားကန်သို့ ရေအားဖြည့်ပေး
နိုင်ရန်ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။